ဖောက်သည်သုံးသပ်ချက် အမည် : Hien
အမည် : Hien
နိုင်ငံသား:ဗီယက်နမ် /
ဂျပန်နိုင်ငံတွင် နေထိုင်ပြီးကာလ ၇နှစ်
-
Q
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖြစ်တဲ့ အကြောင်းအရင်းကိုပြောပြပေးပါ။
-
A
ဘွဲ့ရပြီးသွားတဲ့အချိန် နိုင်ငံတွင်းမှာ အလုပ်ရှာရတာ ခက်ခဲပြီး အလုပ်ရှာလို့မရခဲ့တဲ့အတွက် နိုင်ငံခြားသွားဖို့အတွက် စဥ်းစားလိုက်ပါတယ်။ ၂၀၁၆ ခုနစ်မှာဂျပန်နိုင်ငံသို့ ပညာတော်သင်သွားရောက်တာဟာ ဗီယက်နမ်နိုင်ငံမှာ အရမ်းကို ရေပန်းစားခဲ့ပြီးတော့တော်တော်များများက အကြောင်းအမျိုးမျိုးနဲ့ ဂျပန်နိုင်ငံကိုသွားရောက်ခဲ့ကြခဲ့တဲ့အတွက် ဂျပန်နိုင်ငံကိုသွားချင်တယ်လို့စဥ်းစားခဲ့ပါတယ်။ကောလိပ်တက်ရောက်နေစဥ်အတွင်း ဂျပန်စာသင်တန်းကို တက်ရောက်ခဲ့ဖူးတဲ့ အတွက် ဂျပန်ဘာသာစကားနဲ့ ဂျပန်နိုင်ငံရဲ့ယဥ်ကျေးမှုတွေကိုလည်း စိတ်ဝင်စားမှု ရှိခဲ့ တဲ့အတွက် ဂျပန်နိုင်ငံကိုလာဖို့ ဆုံးဖြတ်လိုက်တာပါ။
-
Q
ဘာလို့ ဒီပြုစုစောင့်ရှောက်ရေးနယ်ပယ်(ဘိုးဘွားစောင့်ရှောက်ရေး)ကို ရွေးဖြစ်တာလဲ။
-
A
သူငယ်ချင်းတွေထဲမှာ ဒီပြုစုစောင့်ရှောက်ရေးနယ်ပယ် မှာအလုပ်လုပ်နေတဲ့သူတွေရှိခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက ဒီပြုစုစောင့်ရှောက်ရေးနယ်ပယ် မှာအတွေ့အကြုံမရှိခဲ့ပေမယ့် သူငယ်ချင်းတွေပြောပြတဲ့အကြောင်းကို နားထောင်ပြီး ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်ရတာသဘောကျတဲ့ ကျွန်မနဲ့ ကိုက်ညီတဲ့အလုပ်လို့တွေးမိပါတယ်။ဘိုးဘွားတွေကို အသက်ကိုကာကွယ်စောင့်ရှောက်ပေးရတဲ့ အလုပ်မျိုးဖြစ်တဲ့အတွက် အစက စိတ်ပူပန်ခဲ့ ပေမယ် အလုပ်ကသူတွေက သေချာသင်ပြပေးတဲ့ အတွက် အခုနေသားကျလာပါပြီ။
-
Q
Like Staffing ကို ဘယ်လို ရှာဖွေတွေ့ရှိခဲ့တာပါလဲ။
-
A
အလုပ်ရှာနေတဲ့ အချိန် ဆရာမက မိတ်ဆက်ပေးခဲ့တာပါ။
-
Q
အလုပ်ရဖို့အတွက် အချိန်ဘယ်လောက်ကြာခဲ့လဲ။
-
A
ပထမအင်တာဗျူးကို ဖြေဆိုပြီးအလုပ်ရဖို့အတွက်အချိန်အရမ်းမကြာခဲ့ပါဘူး။ဒါပေမယ့် ဗီဇာရဖို့ အတွက် အချိန်က လိုတာက နည်းနည်းပိုကြာခဲ့တဲ့ အတွက် ၂လ လောက်ကြာသွားခဲ့ပါတယ်။
-
Q
အင်တာဗျူးနှင့် Visa လျှောက်တဲ့အခါမှာ Like Staffing ကနေပြီးတော့ ဘယ်လိုအထောက်အပံ့တွေရခဲ့လဲမသိဘူးရှင့်။
-
A
အင်တာဗျူးနှင့် Visa လျှောက်တဲ့အခါမှာ Like Staffing ကနေပြီးတော့ အမျိုးမျိုးသောအထောက်အကူတွေရခဲ့ပါတယ်။အလုပ်သတ်မှတ်ပြီးသွားတဲ့နောက် ဗီဇာလျှောက်ထားခြင်းအတွက် စာရွက်စာတမ်းအားလုံးကို ဖြည့်ပေးပြီး အတူလူဝင်မှုကြီးကြပ်ရေးရုံးကိုသွားပြီးတော့လျှောက်ထားပေးခဲ့ပါတယ်။ ကိုယ်တိုင်သိပ်နားမလည်တဲ့ ဗီဇာလျှောက်ထားခြင်းကို ကူညီလုပ်ကိုင်ပေးတဲ့အတွက် အရမ်းကိုအဆင်ပြေခဲ့ပါတယ်။
-
Q
Like Staffingကနေ ဘယ်လိုထောက်ပံ့မှုမျိုးရခဲ့ပါသလဲ။
-
A
ဂျပန်မှာ နေပြီးအချိန်နည်းနည်းကြာပြီးမှLike Staffingနဲ့တွေ့ခဲ့တာဖြစ်တဲ့အတွက်စာရွက်စာတမ်းတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး ကုမ္ပဏီကစစ်ဆေးပေးခဲ့ပါတယ်။( အခွန်၊ အာမခံစသည်ဖြင့်) ။ ၃လမှာ၁ခါလည်းအလုပ်မှာအဆင်မပြေတာတွေရှိမရှိ ဆွေးနွေးပွဲလုပ်ပေးပါတယ်။
-
Q
အနာဂတ် ရည်မှန်းချက်ကို ပြောပြပေးပါ။
-
A
ဗီယက်နမ်နိုင်ငံကိုပြန်ဖို့အစီအစဥ်ကတော့ အခုထိမရှိသေးပါဘူး။ ဂျပန်နိုင်ငံရဲ့ နေထိုင်မှုပုံစံကိုသဘောကျတဲ့အတွက် ဘိုးဘွားစောင့်ရှောက်ကျွမ်းကျင်လက်မှတ်ရအောင်ကြိုးစားပြီး ဂျပန်နိုင်ငံမှာအကြာကြီးအလုပ်လုပ်သွားချင်ပါတယ်ရှင့်။