အမေးများသော မေးခွန်းများ

Q

မေးခွန်း ကျွမ်းကျင်လုပ်သား နေထိုင်ခွင့် ရယူနိုင်ရန် ဘာတွေလုပ်ဖို့လိုအပ်သလဲ။

A

အဖြေ ယေဘုယျအားဖြင့် လုပ်ကိုင်လိုသော အလုပ်၏ကျွမ်းကျင်လုပ်သား စာမေးပွဲအား အောင်မြင်ပြီးနောက် ဂျပန်စာ အရည်အချင်း N4 လက်မှတ်အား ၍ရယူ၍ ဂျပန်နိုင်ငံ၏ကျွမ်း ကျင်လုပ်သား အရင်းအမြစ်အား လက်ခံထားသော အလုပ်အား ရှာဖွေရန်။

Q

မေးခွန်း အလုပ်ထွက်ချိန်တွင် လူဝင်မှုကြီးကြပ်ရေး သို့တင်ပြရမည့် စာရွက်စာတမ်းများ ရှိပါသလား။

A

အဖြေ အလုပ်ထွက်ပြီး ၁၄ရက်အတွင်း ( စာချုပ်ချုပ်ဆိုထားသော အလုပ်အဖွဲ့အစည်းနှင့် စာချုပ်ပြီးဆုံးကြောင်း တင်ပြခြင်း) စာရွက်စာတမ်းအားတင်ပြရန် လိုအပ်ပါသည်။

Q

မေးခွန်း နည်းပညာဆိုင်ရာသင်တန်းသား အမှတ်(၂ )နှင့် အမှတ်(၃)အား ပြီးဆုံးပြီးနောက် တိုင်းပြည်သို့ မပြန်ပဲ တိုက်ရိုက်ကျွမ်းကျင် လုပ်သားဗီဇာအား ပြောင်းလဲနိုင်ပါသလား။

A

အဖြေ တိုင်းပြည်သို့မပြန်ပဲ အထူးကျွမ်းကျင်လုပ်သားဗီဇာအား ပြောင်းလဲနိုင်ပါသည်။

Q

မေးခွန်း နည်းပညာဆိုင်ရာသင်တန်းသားအဖြစ်လုပ်ကိုင်ခဲ့သော အလုပ်နှင့် မတူညီသော နယ်ပယ်သို့ အထူးကျွမ်းကျင်လုပ်သားအဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ပါသလား။

A

အဖြေ လုပ်ကိုင်နိုင်ပါသည်။ သို့သော် လုပ်ကိုင်လိုသည့် အလုပ်၏စာမေးပွဲအား အောင်မြင်ထားရန်လိုအပ်ပါသည်။

Q

မေးခွန်း ကျွမ်းကျင်လုပ်သားအဖြစ်လုပ်ကိုင်လျှင် နေထိုင်ခွင့်မှာ ၅ နှစ်ကာလဖြစ်ပေမယ့် ၅နှစ်နှင့်အထက်ဂျပန်နိုင်ငံတွင်နေထိုင်နိုင်ပါသလား။

A

အဖြေ စာမေးပွဲအောင်မြင်၍ ကျွမ်းကျင်လက်မှတ်အား ရယူခြင်းဖြင့်နေထိုင်ခွင့်လက်မှတ်အား ပြောင်းလဲနိုင်ပါသည်။သို့သော် မပြောင်းလဲနိုင်ခဲ့ပါက တိုင်းပြည်သို့ ပြန်ရပါမည်။

Q

မေးခွန်း မိမိ လက်ရှိနေထိုင်နေသော တိုင်းပြည်တွင် အထူးကျွမ်းကျင် စာမေးပွဲ မရှိသည့် အခါ တွင် မည်သို့ လုပ်ရမည်နည်း။

A

အဖြေ ခေတ္တနေထိုင်ခွင့် ဖြင့် ဂျပန်နိုင်ငံသို့ ဝင်ရောက်၍ ဖြေဆိုနိုင်ပါသည်။ ဂျပန်နိုင်ငံ အပြင် အခြားသော စာမေးပွဲကျင်းပသည့် နိုင်ငံများသို့လည်း သွားရောက်ဖြေဆိုနိုင်ပါသည်။

Q

မေးခွန်း ဘိုးဘွားစောင့်ရှောက်ရေးနယ်ပယ်တွင် အလုပ်လုပ်ကိုင်လိုလျှင် N4 အောင်မြင်လျှင် လုပ်ကိုင်နိုင်ပါသလား ။ ဘိုးဘွားစောင့်ရှောက်သည့်အလုပ်က စကားအများကြီးပြောရသည့်အတွက် N3 မရထားရင်ရော လုပ်ကိုင်နိုင်ပါသလား။

A

N4 ဖြင့်လည်းလုပ်ကိုင်နိုင်ပါသည်။ သို့သော် ဘိုးဘွားစောင့်ရှောက်ရေး အလုပ်လုပ်ကိုင်ရန်အတွက် ဘိုးဘွားစောင့်ရှောက်ရေးဂျပန်စာ စာမေးပွဲအား အောင်မြင်ထားရန်လိုအပ်ပါသည်။

Q

မေးခွန်း အထူးကျွမ်းကျင်လုပ်သားဗီဇာသည် အလုပ်အကိုင်ပြောင်းနိုင်ပါသလား။

A

အဖြေ အလုပ်ပြောင်းနိုင်ပါသည်။မတူညီသော နယ်ပယ်တွင် အလုပ်လုပ်ကိုင်ပါက စာမေးပွဲ အောင်မြင်ရန်လိုအပ်ပါသည်။

Q

မေးခွန်း နေထိုင်ခွင့်လက်မှတ် သက်တမ်းတိုးခြင်းအတွက် ကူညီပေးပါသလား။

A

အဖြေ ကုမ္ပဏီမှ လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ပေးမည် ဖြစ်သည်အတွက် စိုးရိမ်ရန်မလိုပါ။

Q

မေးခွန်း နေထိုင်ခွင့်လက်မှတ် သက်တမ်းတိုးခြင်းအတွက် မည်သူက သွားရောက်မှာပါလဲ။

A

အဖြေ ကိုယ်တိုင်သွားရောက်နိုင်သလို ၊ အလုပ်ဝင်ရောက်မည့်ကုမ္ပဏီမှ တာဝန်ရှိသူအား အကူအညီတောင်းနိုင်ပါသည်။ ထို့အပြင် နေထိုင်ခွင့်ကတ်ပြားနှင့် ပတ်စပို့အား ပို့ပေးခြင်းခြင့် Like ကုမ္ပဏီမှ သွားရောက်လျှောက်ထားခြင်း ပြုလုပ်ပေးပါမည်။

Q

မေးခွန်း ကုမ္ပဏီမှ ထွက်ချိန်တွင် မဖြစ်မနေ ရယူရမည့် စာရွက်စာတမ်းများကို ပြောပြပါ။

A

အဖြေ (၁) အလုပ်အာမခံကဒ် (၂) ပင်စင်စာအုပ် (၃)အခွန်ရှောင်ခြင်းစလစ် (၄) နှုတ်ထွက်စာ လိုအပ်ပါသည်။

Q

မေးခွန်း မိသားစုနှင့်အတူ ဂျပန်နိုင်ငံသို့သွားရောက်နိုင်ပါသလား။

A

အထူးကျွမ်းကျင်လုပ်သား အမှတ်၁ ဖြင့် မိသားစုနှင့်အတူ နေထိုင်ခွင့်မရနိုင်ပါ။ ဘိုးဘွားစောင့်ရှောက်ရေးဗီဇာ၊ ကျွမ်းကျင် လုပ်သားဗီဇာ အဆင့် ၂ ရရှိခဲ့လျှင် အတူတကွနေထိုင်နိုင်ပါသည်။