ဖောက်သည်သုံးသပ်ချက် အမည် :Thaw Tar
အမည် :Thaw Tar
လူမျိုး :မြန်မာ /
လက်ရှိအလုပ်အကိုင် :စောင့်ရှောက်သူ (ဂျပန်နိုင်ငံတွင် နေထိုင်ပြီးကာလ ၁နှစ်)
-
Q
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖြစ်တဲ့ အကြောင်းအရင်းကိုပြောပြပေးပါ။
-
A
ကျွန်တော့ရဲ့နိုင်ငံမှာ ဂျပန်နိင်ငံက လစာများတဲ့ အတွက် နာမည်ကြီးပါတယ်။မိသားစုကိုထောက်ပံ့ချင်တဲ့အတွက် ဂျပန်နိုင်ငံကို လာဖို့ ဆုံးဖြတ်လိုက်တာပါ။
-
Q
ဘာလို့ ဒီပြုစုစောင့်ရှောက်ရေးနယ်ပယ်(ဘိုးဘွားစောင့်ရှောက်ရေးကို ရွေးဖြစ်တာလဲ။
-
A
ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်ရတာသဘောကျတဲ့ အတွက် မြန်မာနိုင်ငံမှာနေစဥ်ကတည်းက သူနာပြုတက္ကသိုလ်ကို တက်ရောက်ခဲ့တာဖြစ်တဲ့ အတွက် ဒီအလုပ်ကိုရွေးဖြစ်ခဲ့တာပါ။
-
Q
Like Staffing ကို ဘယ်လို ရှာဖွေတွေ့ရှိခဲ့တာပါလဲ။
-
A
ဘွဲ့ ရပြီးတဲ့ အခါ အလုပ်မိတ်ဆက် ကုမ္ပဏီကနေ မိတ်ဆက်ပေးခဲ့တာပါ။
-
Q
အလုပ်ရဖို့အတွက် အချိန်ဘယ်လောက်ကြာခဲ့လဲ။
-
A
အလုပ်လျှောက်တဲ့အဆင့်တွေက မြန်ပါတယ်။ကိုရိုနာကြောင့် ဂျပန်နိုင်ငံကို ဝင်ခွင့်ရဖို့စောင့်နေခဲ့ရတာပါ။
-
Q
အလုပ်လျှောက်တဲ့အခါLike Staffingကနေ ဘယ်လိုထောက်ပံ့မှုမျိုးရခဲ့ပါသလဲ။
-
A
အလုပ်ရှာပေးခဲ့ပြီးတော့ အင်တာဗျူးအတွက်လည်းပြင်ဆင်ပေးခဲ့ပါတယ်။ ဗီဇာလျှောက်ဖို့အတွက်လည်း ကူညီပေးခဲ့ပါတယ်။
-
Q
အလုပ်စဝင်ပြီးနောက်Like Staffingကနေ ဘယ်လိုထောက်ပံ့မှုမျိုးရခဲ့ပါသလဲ။
-
A
လေဆိပ်ကိုလာခေါ်ပေးပြီးတော့ နေထိုင်ရမယ့်အိမ်ကို လိုက်ပို့ပေးပါတယ်။ မသိတဲ့ အရာတွေရှိရင် လည်း အမြဲတမ်း ကူညီပေးခဲ့ပါတယ်။
-
Q
အနာဂတ် ရည်မှန်းချက်ကို ပြောပြပေးပါ။
-
A
ဘိုးဘွားစောင့်ရှောက်ရေးကျွမ်းကျင်လက်မှတ်ကို ရအောက်ကြိုးစားပြီး ဂျပန်နိုင်ငံမှာ ၁၅နှစ်လောက်နေချင်ပါတယ်။