ထောက်ပံ့ပေးခြင်းစနစ်
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသော နိုင်ငံခြားသားများ၏အလုပ်အကိုင်အား အထောက်အကူပေးပါမည်။
ပဏာမလမ်းညွှန် ၊ နေထိုင်မှုလမ်းညွှန်
ပဏာမလမ်းညွှန် (၃နာရီ)
နေထိုင်မှုလမ်းညွှန် (၈နာရီကြာ)
တာဝန်ခံ မိခင်ဘာသာစကားဖြင့် ဖြေကြားပေးနိုင်သော တာဝန်ရှိဝန်ထမ်း
ကျွမ်းကျင်လုပ်သားနှင့် ပတ်သတ်သော ရှင်းလင်းမှုများ ၊ ဂျပန်နိုင်ငံတွင် နေထိုင်နေစဥ်ကာလ၏ အမှိုက်ပစ်ခြင်းနှင့် ဆူညံသံ စသည်ဖြင့် စည်းမျဥ်းစည်းကမ်း၊ လိုက်နာရန် ကျင့်ဝတ်များ နှင့် အများသုံးလမ်းပန်းဆက်သွယ်ရေး အားအသုံးပြုပုံပြုနည်းများ အပြင် အရေးပေါ်အခြေအနေတွင် လုပ်ဆောင်ရမည့်အရာများအား ရှင်းပြပေးသွားပါမည်။
အိုးအိမ်လုံခြုံရေးနှင့် နေထိုင်မှုဘဝအတွက်လိုအပ်သော
စာချုပ်ချုပ်ဆို မှုများအား ထောက်ပံ့ပေးခြင်း
ကော်ပိုရိတ်စာချုပ် ၏တိုင်ပင်ဆွေးနွေးမှုလည်း ပြုလုပ်ပေးနေပါသည်။
ကနဦးကာလ၏ ကိုယ်တိုင်ပေးဆောင်ရမည့်ကုန်ကျစရိတ်ဥပမာ ကျေးဇူးတင်ငွေ ၁လစာ ၊ အိမ်လစာ ၂လစာ
- ဂျပန်နိုင်ငံ ၏ အိမ်ခြံမြေလုပ်ငန်းအများအပြားနှင့် ချိတ်ဆက်ထားပါသည်။
- အင်္ဂလိပ်ဘာသာစကား ၊ ဗီယက်နမ် ဘာသာစကား ၊ တရုတ်ဘာသာစကား ၊ နီပေါဘာသာစကား ၊ အင်ဒိုနီးရှားဘာသာစကားနှင့် မြန်မာဘာသာစကားဖြင့် ဆက်သွယ်နိုင်ပါသည်။
- အိမ်အသုံးအဆောင်ပစ္စည်းနှင့် လျှပ်စစ် တပ်ဆင်ထားပြီးခြင်းဖြင့် ကနဦး ကာလ အသုံးစရိတ်အားလျှော့ချနိုင်ပါသည်။
- အင်တာနက်အားတပ်ဆင်ပေးထားပြီးဖြစ်ပါသည်။
ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်နှင့်ထွက်ခွာချိန် ၏ အကြိုအပို့
■ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်
လေယာဥ်လက်မှတ်ဝယ်ယူခြင်းနှင့် စစ်ဆေးခြင်းအား ထောက်ပံ့ပေးခြင်း
ဂျပန်နိုင်ငံသို့ ဝင်ရောက်ချိန်လေဆိပ်မှ ရုံးခန်း ၊ နေထိုင်ရန် အိမ်အထိ အတူတကွ လိုက်လံပို့ဆောင်ပေးခြင်း။
■ဂျပန်နိုင်ငံမှထွက်ခွာချိန်
ဂျပန်နိုင်ငံမှထွက်ခွာရာလေဆိပ်၏စစ်ဆေးရေးနေရာ အထိ အတူတကွလိုက်ပါပေးခြင်း။
တရားဝင်လုပ်ထုံးလုပ်နည်းများအား အတူတကွ လုပ်ဆောင်ပေးခြင်း။
ပြောင်ရွှေ့ခြင်းအသိပေးခြင်း ၊ နေထိုင်ခွင့် လက်မှတ်ရယူခြင်း၊ အမျိုးသားကျန်းမာရေးအာမခံဝင်ရောက်ခြင်း ၊ ငွေထုတ်ယူခြင်း စသည်ဖြင့် လိုအပ်သည့် အစိုးရလုပ်ထုံးလုပ်နည်းများ အား အထောက်အကူပေးပါမည်။
ဂျပန်စကား လေ့လာ ရန်အခွင့်အရေးများအား လုပ်ဆောင်ပေးခြင်း။
ကုမ္ပဏီ၏ဂျပန်စာ သင်ကြားပေးသူ တာဝန်ခံ မှ ဂျပန်စာတိုးတက်ရေးအတွက် လမ်းညွှန်ပေးပါမည်။
※ဂျပန်စာ အတန်းတွင် အကြောင်းအမျိုးမျိူးကြောင့် မပါဝင်လိုက်ရသည့် အချိန်များတွင် သင်ခန်းစာ၏ဗီဒီရိုအား ပို့ပေးပါမည်။
■အဓိကသင်ကြားပေးနေသော အတန်းများ
①၁။ဘိုးဘွားစောင့်ရှောက်ရေးအခြေခံအတန်း
②၂။ JLPT အောင်မြင်ရေးအတန်း
③၃။ သင်တန်းသားနှင့် လိုက်၍ သီးသန့် ရေးဆွဲထားသောအတန်းများ
တိုင်ပင်ဆွေးနွေးမှု ၊ အခက်အခဲများကူ ညီဖြေရှင်းပေးခြင်း ၊
ဂျပန်လူမျိုးနှင့် ပေါင်းသင်းဆက်ဆံရေး
မိခင်ဘာသာစကားဖြင့်တိုင်ပင်ဆွေးနွေးနိုင်သော ဝန်ထမ်း နှင့် အများသုံးSNSဖြင့် အလုပ်နှင့် နေထိုင်မှုဘဝ၏ အခက်အခဲများအား တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပါသည်။
ထို့အပြင် ဂျပန်လူမျိုးနှင့်ပေါင်းသင်းဆက်ဆံရေးအတွက် အားကစားပြိုင်ပွဲ ၊ ပန်းကြည့်ပွဲ စသည်ဖြင့် အစီအစဥ်များ အားလား ရေးဆွဲထားပါသည်။
အချိန်တိကျစွာဖြင့်သတ်မှတ်ထားသော ဆွေးနွေးမှု များ
နှင့် လူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်ရမည့် စာရွက်စာတမ်းများအားတင်ပြပေးခြင်း။
၃လလျှင်၁ကြိမ် နှင့် အထက် ဆွေးနွေးမှုပြုလုပ်၍ ထိုဆွေးနွေးမှု၏အကြောင်းအရာများအား လူဝင်မှုကြီးကြပ်ရေးသို့ တင်ပြပါမည်။
ဂေဟာမန်နေဂျာနှင့် ကုမ္ပဏီ၏ ဝန်ထမ်း အပါအဝင် ၃ဦး ဖြင့် ဆွေးနွေးမှု ပြုလုပ်ပါမည်။
ဆွေးနွေးပွဲ၏အကြောင်းအရာ များအား ကုမ္ပဏီမှ အနှစ်ချုပ်ရေးသားပါမည်။